ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူသည်မှစ၍ ပရိနိဗ္ဗာန်စံသည့်တိုင်အောင် (၄၅) ဝါ ကာလအတွင်း ဗုဒ္ဓမြတ်စွာ၏ဖြစ်တော်စဉ်များ၊ လောကသားတို့အတွက် ဆင်းရဲဒုက္ခခံ၍ ကယ်တင်ခဲ့ပုံများကို ပိဋကတ်သုံးသွယ်, နိကာယ်ငါးရပ်တို့မှ ထုတ်နှုတ် ဟောကြား ထားခြင်း ဖြစ်သည်။ အခြားသော ဗုဒ္ဓဝင်ကျမ်းများနှင့်မတူဘဲ ဗုဒ္ဓမြတ်စွာအား အနန္တတန်ခိုးရှင်ကြီးအဖြစ်မှ မဟုတ်ပဲ မဟာလူသားကြီး, မဟာကရုဏာရှင်ကြီးအဖြစ် တစ်မူကွဲပြားသော ရှုထောင့်မှ မီးမောင်းထိုးသုံးသပ် ဟောကြားထားသည့်အတွက် အမြင်သစ်မဟာဗုဒ္ဓဝင်ဟု ခေါ်တော်မူထိုက်သည့် တရားတော်များ ဖြစ်ကြသည်။